> သီဟသူ [dot] blogspot [dot] com: စောင့်ပါ (ဘယ်ဘက်လက်နဲ့ ရေးတဲ့ကဗျာ)

Apr 3, 2012

စောင့်ပါ (ဘယ်ဘက်လက်နဲ့ ရေးတဲ့ကဗျာ)


ဒီညကို နံနက်ခင်းဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသစ်စေ့ကို သစ်တောကြီးဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသွေးစက်ကို မြို့တစ်မြို့ဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဘယ်လိုလဲ
စောင့်ရတာများလို့ ပျင်းသွားပြီလား
အဲဒီပျင်းရိမှုကို ပျော်ရွှင်ခြင်းဖြစ်အောင်
ငါ ကဗျာရေးမယ်
နည်းနည်းစောင့်ပါ

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ 
ဇန်နဝါရီ၊ ၂၀၁၂

No comments:

Post a Comment