လူတစ်ယောက်လျော့သွားတာကို
ခေတ်တစ်ခေတ်နဲ့
အစားထိုး။ ၁၀-၉-၀၈
ငလျင်ကြောထဲမှာ
ခုနှစ်လွှာ၊ နေ့စဉ်
ဆင်းတက်နေရတာပဲဖြစ်ဖြစ်၊
မုန်တိုင်းထဲမှာ
ကုန်တင်ကုန်ချ
သင်္ဘောကြီးတွေ ဝင်ရောက်ထွက်ခွာနေတာ၊
အငွေ့ တလူလူ
ရေခဲတင်ကားကြီးတွေ
ဖြတ်အသွား ဆင်မင်း လမ်းတစ်လျှောက်
ကိုယ်လည်း
အေးသွားတာ
ကမ္ဘာ့အစိတ်အပိုင်း ရန်ကုန်လမ်း
နှစ်လမ်း တစ်နည်းအားဖြင့်
ရှုခင်းနှစ်ခု
နောက်ထပ်ထပ်ပြောရရင် သွေးကြော
နှစ်ခု ဖြတ်ယူသွားတာ
ကမ္ဘာ့အရင်းအမြစ်
လည်နေတော့ ခြေရာ ကောက်မိတော့
မြစ်ကူးချောင်းခြား
၃၃-လမ်းကို
အဝေးက ကားကွက် ချထားတာ
အစဉ်သဖြင့် အဆင့်ဆင့် ပန်းပွင့်
နောက်ကွယ်/လောက်ဖွယ်
ဘယ်သူရောက်မှာလဲ ရန်ကုန်ဟာမော့မော့
ကြည့်ရတယ်
အပေါ်ယံရှပ် အခုလဲကျ အမြစ်ပြတော့
သစ်ပင်ကြီးကြီး မြင့်မြင့်
အမြစ်မဝေး
ရေခဲတောင်နဲ့ပြောင်းပြန်
ရန်ကုန်သား/လား။
၈-၉-၀၈
ဒီတော့
သာမာန် လူ့ဘဝနဲ့
စိတ်ကူးချိုချဉ်ဖြစ်ဖြစ်
လက်သီးချိုချိုလေးဖြစ်ဖြစ်။
၆-၉-၀၈
အိမ်ထွက်စော
အောင်ဇော်ဆီဝင် လက်ဖက်ရည်သောက်
အိမ်အပြန်မြစ်ထဲရောက်မှ
ကိုစိုင်းစိုင်းဖုန်းဆက်
'ကျွန်တော်အခုမှ
မြို့ထဲရောက်လို့' ဆိုလား။
၃-၉-၀၈
ကိုမိုးဝေးဆီဝင်၊
မမမြင့်ရောက်လာ 'ဟိုဘက်ကမ်းကလူတွေ
ဖမ်းနေတယ်နော်'
ကိုချောပုံဖမ်း၊
ကဗျာထဲမှာပဲလေ ကိုချောက
အဲဒီထဲ ဆင်းမကြည့်ဘူး၊ လူဆန်း
မင်းလမ်းရှေ့ဆက်တိုးရင်
၂၀-နဲ့ ဘယ်လောက်
ဆိုလား လူဆန်းက ၆၀-
နဲ့ဘယ်လောက်
အဲသလောက်ပဲပေါ့ တစ်ညနေ လူဆန်းက
အတင်းတား
ဘီယာတိုက်သောက်မှ
၃၀၀၀၊ မပေးရင်လည်း နေ မောင်နှမလို
သားအမိလို
သောက်ချင်ယောင်ဆောင်ရ
(နောက်ဆုံး
တော့...)၊ မနက်ဖြန်
ကိုချော ၆-
နှစ်ပြည့်အတွက်
သတိရရင်လာကြ ပေါ့တဲ့။
ညနေကိုစိုးနိုင်ဆီရောက်
သူအခု
ဘာတွေဆွဲနေသလဲ။
တစ်ရက် ကလေးများ တိုးပြီးပျော်မလားလို့။
၂-၉-၀၈
စိုင်းဝင်းမြင့်
No comments:
Post a Comment