> သီဟသူ [dot] blogspot [dot] com: လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၅

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၅


လူတိုင်း အရင်လိုနေကြတာပဲ အရင်လို
လက်ထဲ သုံးလေးခုဆိုရင် တစ်ခုခုကျပျောက်ပြီ
ငါလည်း ပြိုကျပြီ
သို့ရာတွင် ထိုအကြောင်းသည် လွယ်လွယ်နှင့်
ပြော၍ပြီးမည့် ကိစ္စမဟုတ်
ကျွန်တော်က ငယ်လည်းငယ် လည်လည်းလည်
အပတ်တိုင်း ဝယ်ရ ဖတ်တိုင်း ရယ်ရ ဆိုလား
ကဗျာနှင့် လုပ်ထားသော စကားလုံးအကြောင်း
ဟိုခြစ်ဒီခြစ်ကမှ အရသာရှိဦးမယ်
ဟိုခြစ်ဒီခြစ်ကလည်း နှစ်ပေါင်းများစွာ။

စိုင်းဝင်းမြင့်