သူ့စာအုပ်စင်ကလေးမှာ
စာတစ်စောင်မှ
မထားခဲ့ဘူး။
သူ့နံရံမှာ
ဘာတစ်ခုမှ
မရေးခဲ့ဘူး။
သူဘယ်မှာလဲလို့
တစ်စုံတစ်ယောက်က မေးတဲ့အခါ
မနေ့ကလား
တစ်နေ့ကလား
လွန်ခဲ့တဲ့
ရာစုတစ်ခုကလား
သုတ်တီးသုတ်ပြာ
ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့
တစ်စုံတစ်ယောက်က
ဆိုချင်ဆိုမယ်။ သူဟာ ဒီလိုပဲ
ပျောက်ပျောက်သွားတတ်တယ်။
အလွမ်းသင့်ရာ
အသက်ပွင့်တတ်တယ်
အဝတ်အထည်
ကိုယ်တစ်ခုဟာ
သူ့အနုပညာလား
သူစိမ်းအခန်းဆက်ဟာ
သူ့အသက်ရှူသံလား
ဒီနေ့မှာတော့
သူဟာ စာမလာသတင်းမကြားပေါ့။ ။
စိုင်းဝင်းမြင့်
၁၀.၁.၀၁
ချယ်ရီ၊
မတ်၊ ၂၀၀၂
No comments:
Post a Comment