ငါအကြောင်းဟာ
ကျွန်တော့်ဆီကတစ်ဆင့်
သင့်တော်ရာပေါ့
(ငါ့ဆီပြန်ရောက်ဖို့
အခုပဲ လဲကျသေ)
မမြင်ရပေမဲ့
ရှိခဲ့တယ်ဆိုတာပေါ့
လက်ဆင့်ကမ်းလမ်းကြောင်း/ပြောင်းခဲ့တာ
ကမ္ဘာ့
ကမ္ဘာတွေအများကြီး
အမှာမရှိ
ငါ့အဖြစ်တွေ စျေးကွက်မဝင်
အရောင်းကျ ငါ့အဖြစ်တွေ
ငါ
အရကြောင်းခဲ့တာ
ကမ္ဘာ့ဦးခေါင်းများ
ပြောင်း/မောင်းထည့်ဖို့
(ဘဝ
မပြောင်းလည်း/လဲ)
ကိုယ့်လူ
ကဗျာဘက်သား မေးခွန်းက
သွေးစွန်းလို့
ဒီလမ်းထဲက
ကျွတ်ထွက်သွားမယ့် ဘီးတစ်ဘီးလို
ဆေးလည်းဆေး
ငေးလည်းငေးပေါ့ကွာ
အခုတစ်ခါ
တော်ကြာတစ်ခါ ခဏခဏ တစ်ငါ
လာပြန်ပြီတစ်ခါ
တစ်ဒီးဒီးတစ်ခါ
ငါလည်း
တစ်ငါ/တံငါ
(ကဗျာနားနီးကဗျာ)
ဘောင်းဘီထိုးစွတ်ပြီးရင်
ဖိနပ်ကောက်စီးလိုက်ရမှာပဲ
ရန်ကုန်ဟာ
ငယ်ဘဝ
ဝင်္ကပါထဲ မိုက်မဲခဲ့ဖူးသလို
လူလတ်ပိုင်းအရွယ်ထဲ
မလိမ္မာနိုင်ခဲ့တာဟာလည်း
ရန်ကုန်မှာ
ငါအကြောင်းဟာ
ငါးကြောင်းမပြည့်
ငါးအကြောင်းကမှ
ရေအောက်ရောက်သေးတယ်။
မှတ်ချက်။
။ ငါးအကြောင်းမှာ ငါကြောင်မတွေ့ရ။
။
စိုင်းဝင်းမြင့်
No comments:
Post a Comment