> သီဟသူ [dot] blogspot [dot] com: သူစိမ်း -၅

Apr 6, 2012

သူစိမ်း -၅


ရာသီဥတုက
အိမ်အပြင်မှာတစ်ခု
အိမ်ထဲမှာတစ်ခု
ငါ့ရဲ့ လူ့အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီရှည်လျား
ငါ့ခြေတစ်လှမ်းဟာ
ငါ့အိမ်နဲ့ ဝေးရာ
နောက်ထပ် ငါ့ခြေလှမ်းများ
ငါ့ဘဝနဲ့ ဝေးရာများ။

စိုင်းဝင်းမြင့်

No comments:

Post a Comment