တစ်ခါတုန်းက ဖြူဖြူစင်စင်အင်္ကျီလေးတစ်ထည်
ပြန်လျှော်မကြည့်နဲ့တော့
ပြန်လျှော်လည်း
အသစ်မဖြစ်တော့
ပြန်လျှော်လည်း
အကောင်းမဖြစ်တော့
ပြန်လျှော်လည်း
အဖြူမဖြစ်တော့
သဘာဝကျကျ
ထားလိုက်တော့
ကြိုးစားရင်း
ဟောင်းခဲ့တာ
ချီတက်ရင်း
ညစ်ခဲ့တာ
လဲကျရင်း
စုတ်ခဲ့တာ
အဲဒါ
ပန်းတိုင်ရောက်ရင်
ငါ့အလံ
သုခမိန်လှိုင်
Idea, January 2011
No comments:
Post a Comment