သူဖမ်းနေတဲ့
သော့ချက်ထဲမှာ
တစ်မနက်ခင်းလုံး
ကိုယ့်အပျက်။
လမ်းတစ်ဝက်
ဖျောက်ဖျက်ခဲ့တယ်ဆိုပေမယ့်
ကိုယ့်အရင်
ရောက်နှင့်ပေါ့။
'ပြတင်းပေါက်ကို
ဖွင့်လိုက်သောအခါ...
ကိုယ့်သေမင်းလိုတွေ့ရ'
ရောက်ရာအရပ်က
မနက်ခင်းမှာ
မင်းလည်း
ဒီလိုရေးမယ်။
တစ်ယောက်သွား
မြက်လမ်းသွယ်လေး
မျက်ရည်စို
အတွေးထဲ
ဘယ်လိုဆင်းရမယ်
လေယာဉ်ပျံတစ်စီး
မင်းလည်း
လက်တစ်ဖက်ထုတ်ထားရော့မယ်
သွေးအေးလေးလံ
နံရံနှင်းထဲ
ဘယ်တော့မှ
ထွင်းမဖောက်နိုင်ခဲ့
ချစ်ခြင်း။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment