ငါအိမ်ပြန်လာတော့
ငါမရှိတုန်း
မွေးထားတဲ့ခွေးက
ငါ့ကို
ဟောင်တယ်။
ငါ့အိမ်သုံး
ရုပ်ပစ္စည်းတွေ
ငါ့ကိုစိမ်းလို့
ငါသိမ်းခဲ့တဲ့
စာအုပ်တွေလည်း
မရှိတော့ဘူး။
အဖေ့ကို
ငါစစ်ဖြစ်ခဲ့တာက
ပြီးခဲ့တဲ့
၇ နှစ်
ငါ့စိတ်တွေ
ပေတေ လေလွင့်
ဒုက္ခတွေ
တသွင်သွင်ပွင့်တယ်။
ငါ့ရင်
ငါဖွင့်ကြည့်တော့လည်း
နှလုံး
ခုန်တစ်ချက် မခုန်တစ်ချက်
အသက်ရှူတစ်ချက်
မရှူတစ်ချက်
ငါအိမ်ပြန်ခဲ့တယ်
ငါ့အသက်ကို
ငါ မမှီတော့ဘူး။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment