အဲဒီခွက်ဟာ
အပူခံ
အအေးခံ
အရသာလည်းမှန်တယ်။
မျက်စိတစ်ထောင်
နားတစ်ထောင်
ဇင်ယော်တွေရဲ့
ဦးခေါင်းဟာ
ဆောင်းရောက်တော့မယ်
ဆိုတာ
မိုးကျတော့မယ်
ဆိုတာ
နေ့စဉ်
မှန်မှန်ပြတယ်
တည့်မတ်ထားတဲ့
ဦးခေါင်း
အိပ်ပျော်သွားတဲ့
ပုံစံအဆင့်ဆင့်
ငါပြန်ရချင်တာ
ဒီည
အခုခေါင်းချရမယ့်
အရပ်မဟုတ်သလို
ပျံသန်းနေဆဲ
ဦးခေါင်း
ပျက်ကျသွားတဲ့ပုံ
ပုံသေကိုမြေဖြူနဲ့ တားပြီးရင်
အဝတ်ဖြူနဲ့ထုတ်ယူသွားလို့
ရပါပြီလေ
ဘယ်အရာမဆို
ဖောက်ခွဲဖို့ အချစ်သွေးကြွဆိုင်ကယ်
တကယ့်တကယ်
ကယ်ယူထားတဲ့ မြို့အပြင်ထဲ
မနက်ဖြန်ထဲ
သွားသွားနေမိတာလည်း
မင်းကိုမတွေ့ချင်လို့
ဆိုချင်ဆို
၁၉ ရာစု
ပါရီပုံစံ ပါရမီရှင် တောဘဲကြီး
နောက်ထပ်ဘာရေးနေသလဲ
ဆိုရင်
မိသားစုကျဆုံးခန်း
ကဗျာရှည်ကြီး ရေးနေသည်ဟု
ခပ်တည်တည်
တည်ချင်တည်
သူက
တောတော်များများ ကြယ်လုပြေး
ကျော်မွှေး
ခေါင်းနဲ့နံရံလိုပေါ့
ဖိနပ်ဟာ
တစ်ဖက်တည်းဆိုရင် ဘာအသုံးကျမှာလဲ
ငါဒဏ်ရာ
ရခဲ့တဲ့နေရာ ငါပြန်လာရမှာပေါ့။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment