> သီဟသူ [dot] blogspot [dot] com: လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၄

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၄


တကယ်လို့များ လမ်းပေါ်မှာ လူတစ်ယောက်ရှိနေတယ်ဆိုရင်
လေးငါးဆယ်လှမ်းနဲ့ လဲကျသွားမှာပဲ၊ တစ်နေရာရာမှာ
တစ်ယောက်ယောက်ရှိနေခဲ့မှာပဲ
မိုးကရွာနေလေရဲ့ လေရဲ့အတွင်းအပြင်
မိုးဦးလေဦး လေဦးမှာလား
မိုးရနံ့ လေရနံ့ရရင် ဒီအရသာမှာ စွတ်စိုသွားရင်
ခင်ဗျားနားလည်သွားမှာပဲ ဒီကဗျာဖတ်ပြီးရင်
အိမ်ထဲမှာနေရင်း စွန့်ဦးတီထွင်ရင်း လေပြင်းနဲ့ မိုးထဲလွင့်စင်လို့
လေထဲတိုက်ခိုက်လို့
တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ထား
မီးခြစ် ခြစ်မရတဲ့အခါ
စကားအော်ပြောလည်း အော်ပြောတာပဲ မသဲကွဲ
စကားညီအစ်ကို မသဲကွဲ
ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့် ညာပြန်ကြည့်
တို့တွေ ထွင်လို့ရရင် ရမှာပေါ့
ပြီးတဲ့အလုပ်က ပျက်တဲ့စက်ထဲမှာ။

စိုင်းဝင်းမြင့်

No comments:

Post a Comment