> သီဟသူ [dot] blogspot [dot] com: လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၁

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၁


ဘဝဟာ မွေ့လျော်ဖွယ် ကောင်းပါတယ်ဟု
သူက ပြောသည်
ပြေးလို့လွတ်မယ်ဆိုရင်
တပြေးတည်း ပြေးနေမှာပေါ့။

သူ့ကို အကြောင်းပြုပြီး အခန်းတစ်ခန်းရထားတယ်
မီးကလည်း ၂၄ နာရီ
ရေကလည်း ကြည်နေတာပဲ
အဲဒါပဲ
စားစရာတော့ မရှိဘူး
တောတောင်ရေမြေနဲ့ ကိုယ်ဧည့်ခံမယ်
ရှဉ့်ကိုလည်း မြင်ရမယ်
ဥသြသံကိုလည်း ကြားရမယ်။

ရှုပ်ထွေးလာတယ်၊ ခက်ခဲလာတယ်
ရှုပ်ထွေးပေမယ့် မထွေပြား
အပြောင်းအရွှေ့များပေမယ့်
ကျွန်တော်က ရွှေ့ပြောင်းမကစား
မှားတယ်ဆိုလည်း မှားတဲ့ဘက်မှာ။

မောင်ချောနွယ်က လိုက်ရောင်းနေတာ မဟုတ်ပါဘူး
သူတို့က လိုက်ဝယ်နေတာပါ
တရားနဲ့မဖြေ တရားနဲ့နေဖို့ပါပဲ
မြှုပ်ထားတဲ့ရွှေအိုးဟာ ရွေ့ရွေ့သွားတတ်ပါတယ်။

စိုင်းဝင်းမြင့်
၂၀၀၅

No comments:

Post a Comment