အသက်ရှိတော့
စဉ်းစားတယ်
မငြိမ်းချမ်းဘူး
ပြတင်းပေါက်က ဝင်လာတဲ့
လရောင်ကလည်း ငါ့ကိုမငြိမ်းသက်နိုင်
တစ်သက်စာ ဒဏ်ရာကြီးနဲ့
ခန်းစီးကလေးကိုတိုးနေတဲ့
လေညင်းကလေးကလည်း
သွေးရဲရဲ သံရဲရဲ
ညမွှေးပန်းကလေးရဲ့
ကိုယ်သင်းနံကလေးကလည်း
အမှောင်ထဲမှာ အပိုင်းပိုင်းပြတ်ကျလို့
ငါ့ဆီအရောက်မလာနိုင်
ရည်းစားအသစ်ချပ်ချွတ်ကလေးရထားတာတောင်
ကျေကျေနပ်နပ် မအိပ်စက်နိုင်
ကောင်းကင်ကိုမော့ကြည့်ပြီး
မစိမ်းလန်းနိုင်
အမှောင်ထဲကို တမျှော်တခေါ်
တဆုံးနှိုက်ကြည့်လိုက်တော့
မနက်လင်းရင်
လက်နက်တွေချပြီး
အမေ့အိမ်ပြန်ပါတော့မယ်ဆိုတဲ့
ရွှဲရွှဲစို အသံကလေးသာ
အငွေ့တလူလူ...။ ။
မောင်ဖီလာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ ၉၆
No comments:
Post a Comment