မွန်းကြပ်တဲ့အခါ
'ဟေမိုဂလိုဗင်'တွေရဖို့
သစ်တောထဲ လျှောက်ခဲ့တယ်။
သစ်ပင်တွေအစား
မတုန်မလှုပ်တောင်ကြီးတွေ
ရွှေ့လျားသက်ရှုကျောက်တုံးတွေ
မပျို့မအန်မိုးသားတွေ
တွေ့ခဲ့လိုကရ။
ရုန်းထွက်ဖို့ ခြေစုံကိုချ
ငါ့ အမြစ်တွေက
ပက်ကြားအက်မြေလွှာခွဲလို့
ထိုးဆင်းသွားကြ။
ချိုတူးဇော်
အမှတ် ၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆
စိတ်ကူး
ReplyDeleteစိတ်လက်ကြည်လင်နေတာနဲ့ မနက်ဘက်.....တောအုပ်ဆီကို လမ်းလျှောက်ထွက်ခဲ့တယ်.....။ ဒူးအထိမြင့်တဲ့ မြက်ခင်းစိမ်းတွေကြားက ကျောက်စရစ် လမ်းကျဉ်းကျဉ်းလေးကို ဖြတ်ပြီးတော့ပေါ့.......။ တောအုပ်လေးထဲမှာ ဘာအမျိုးအစားမှန်း အမည်မခေါ်တတ်တဲ့ ငှက်ကလေး တစ်သိုက်တွေ့တယ်.....။ မလှမ်းမကမ်းမှာ ရှည့်ကလေးတွေ...အချင်းချင်းရန်ဖြစ်နေကြတယ်.........။ တောအုပ်စပ်က မြက်ခင်းနုနုက ဖိနပ်ချွတ်ထားတဲ့ ခြေဖ၀ါး အစုံကို နူးညံစေတယ်....။ ဖြာကျနေတဲ့ နေရောင်ခြည်ဖျော့ဖျော့က လည်းတောအုပ်လေးရဲ့ အရောင်ကို လင်းလက်စေရဲ့.......။ .........။ ဘယ်လေက်လှပတဲ့ မနက်ခင်းပါလဲ........။ ........။ အံ့သြဖွယ်ရာပါပဲ......။
''For A Pessimist I'm Pretty Optimistic.'' Paramore