> သီဟသူ [dot] blogspot [dot] com: သင်းကွဲအပြုံး

Mar 28, 2009

သင်းကွဲအပြုံး

ဝံပုလွေဆိုတာ
ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့
စဉ်းလဲတတ်တဲ့ သတ္တဝါ
တစ်မျိုးပ။

မွေးကတည်းက
အတ္တတွေ ဝါးမျိုကြီးပြင်း
ဝိညာဉ်တွေ စားသောက်ရင်း
ပန်းပွင့်တွေ စားသောက်ရင်း
သက်ပြင်းချသံသဲ့သဲ့မှာ
သွေးညှီနံ ပါမြဲ။

ရင်းမြစ်ဗီဇဟာ
သွေးသားဆဲလ်ထဲမှာကိုက
အတ္တအဘိဓမ္မာအဆိပ်များ
သော့ပိတ်ထားပြီးပေါ့။

အုပ်စုကွဲ
တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ
မာယာမျက်နှာဖုံးတပ်
အကွက်ချလှည့်ဖျားဆိုးညစ်တတ်
အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။

ဒါပေမယ့်
အပြုံးထဲမှာ
သွေးညှီနံဟာ ပါမြဲ။ ။

ခိုင်မြဲကျော်စွာ
ဒီဇင်ဘာ၊ ၉၀၊ ဟန်သစ်မဂ္ဂဇင်း

1 comment:

  1. ၀ံပုလွေ။ သူဟာ အမှန်တော့ ၀ံပလွေ တစ်ကောင်များ ဖြစ်နေမလား။ တော်ပြီ အဲလောက် မတွေးတာ မခံစားတာ ကောင်းတယ်။

    ReplyDelete